Sunday, June 6, 2010

အဆိပ်ခွက်


မာယာတွေ အထပ်ထပ် ထုံအီနေတာတောင

ငါတရှိုက်မတ်မတ် သောက်သုံးနေမိတုန်း

ဖျောင်းဖြခံမယ့် ငါ့နားနှစ်ဘက်လည်း

ဘယ်တုန်းထဲက ပိတ်ဆို့နေမှန်း ငါမသိခဲ့။ ။

သူမ မရှိတဲ့နောက်ပိုင်းတွေမှာ

နေညိုချိန်ဆိုရင် အလွမ်းတွေက ပိုပြီးရင့်မှည့်လာတယ်

ဝတ္တရားအရ မဟုတ်တောင်

ပုံမှန်ထက် ငါပိုယစ်မူးနေမိဆဲ။ ။

0 comments:

Post a Comment